Saturday, March 19, 2011

ထောက်ပြသွားသူများထံမှ အတုယူဖို့ -

by Lu Bo on Saturday, March 19, 2011 at 6:28am


တိုင်းရင်းသား အကြောင်းရေးရင် sensitive ဖြစ်မှန်း သိပေမဲ့ စဉ်းစားမိတာ
လေးတွေရှိတာ ကြောင့် စိတ်ရင်းမှန်ရင် …
ကြောက်စရာ မရှိပါဖူးလေ ဆိုတဲ့..အတွေးနဲ့ ဥါဏ်မှီသလောက်
ဆွေးနွေးတင်ပြပါရစေ အင်္ဂလိပ်လိုတော့.. my 2c လို့..ခေါ်တာပေါ့နော်

ဦးတင်မောင်ဝင်း တို့လက်ထက်..ကတည်းက … ကျနော် DAB နဲ့ NDF အကြောင်းကို
ကိုတွတ် ကတဆင့်… သိ..နေရတယ်ဆိုပါတော့ …. အတွင်း..သိ..မဟုတ် … outside
observer တယောက် ရဲ့ အမြင်လို့ပဲ..သဘောထားစေချင်ပါ
တယ် ….


ကိုတွန်းအောင်ကျော် တင်ပြဆွေးနွေး..သွားတာက … ကောင်းပါတယ် … ဒါပေမဲ့ ..
organizational structure ပဲရှိပါသေးတယ်… dynamics မပါသေးဖူး …. Dynamics
ဆိုရာမှာ …ဘယ်ပုံသဏ္ဍန်နဲ့ ..တည်ဆောက်မလဲ? ကိုဆိုလို တာပါ …

ဥပမာ … common wealth သဏ္ဍန်လား? integrated structure လားကိုဆိုလို တာဖြစ် တယ် …
ဦးတွတ်တို့လက် ထက်ကတည်းက …(ကျနော်နားလည်မှားရင်ခွင့်လွှတ်
ပါ) loose union
common wealth သဏ္ဍန် ပဲရှိတယ် … ကချင်နဲ့ကရင် က
အင်အား..အကြီးဆုံးတွေဖြစ်ကြတာမိ
ု့ … ဒီ (၂)ဖွဲ့ ကပဲ..လွှမ်းမိုးတာပဲ….
အထူးသဖြင့် ကျနော်နားလည်ရသလောက် NDF မှာ integrated command မရှိဖူး ….
ဗမာစစ်တပ် က integrated command .. တသွေး …တသံ … တမိန့်..ပဲ …
စစ်တိုက်တဲ့ နေရာမှာ … ထိရောက် တာချင်း..မတူဖူး ….
(ကျနော့်အမြင်သက်သက်ပါ)

ကမ္ဘာ့ရာဇ၀င်မှာ ..လည်း ..အမေရိကန်တော်လှန်ရေး..တုန်းက .. ဒီလိုပဲ …
states တွေဟာ ရော့ရဲရဲ.. ဖွဲ့စည်းထားကြတာ …. Virginia တို့ New York
တို့က ပေးမယ်ဂတိပေးပြီး … နိုင်ငံရေးသမားတွေ ..ငြင်းခုံနေကြတာနဲ့..တကယ်
ရောက်မလာ ကြဖူး ..
စစ်သားရော .. logistic ရော…. Gen. George Washington အတော်ဒုက္ခရောက်ခဲ့ရတယ် …

ရှုံးမလို့..သီသီလေး..လိုတော့ တဲ့ … အခြေအနေ ..ခဏခဏ..ဖြစ်တယ် …
နောက်ဆုံး…ပြင်သစ်ရေတပ်..ရောက်
လာမှ …. အနိုင်ရခဲ့တာပါ … ဒါကို
ဝါရှင်တန်ရဲ့ ..PSO (၆) ယောက်ထဲက..တယောက်ဖြစ်ခဲ့တဲ့ …. Alexander
Hamilton ကကောင်းကေင်း သိရုံမက ..ခံစားခဲ့ရတယ် … ဒါကြောင့် …. States
တွေအားလုံးကို စုပြီး .. Federal System ထောင်ဖို့ …. Federalist Papers
တွေကိုရေးပြီး ..ပညာပေးပြီးမှ ကြိုးစားခဲ့တာ (၇) နှစ်ကြာတယ် …
ပထမ အကြိမ် Annapolis, MD မှာတွေ့ဖို့ကြိုးစားတာ မအောင်မြင်ဖူး ။
ဒုတိယအကြိမ် … Philadelphia မှာဆုံကြမှ …၀ါရှင်တန်တို့ပါလာမှ …
ရာဇ၀င်တွင်တဲ့ …. American Constitution ဆိုတာပေါ်လာရတာပါ ….
ဒါကြောင့် ..အုပ်ချုပ်မှုအာဏါနဲ့ စစ်တပ်ကို သမ္မတကို ကြီးကြပ်စေတဲ့ …
integrated command ပေးရအောင် Commander-in-chief ရာထူးပေးထားတာ ….

ကြီးကျယ်..လိုတဲ့..သဘောနဲ့..မဟု
တ်…ရာဇ၀င်မှာ ..လည်း..အားနဲချက် ကို
..သိ..ပြီး … ပြင်..ခဲ့.. ကြရတယ် ..ဆိုတာကိ … သိ.စေချင်တာသက်သက်ပါ
….တကယ်… လက်တွေ့ … integrated command တည်ဆောက်ဖို့ဆိုတာ ..မလွယ်လှပါ
ဖူး..သို့သော်… အားနဲချက်ကို သိ…ရင် ..ကျိုးစားနိုင်တာပေါ့….


နောက်တခုက …. အတိုက်ခံ..ဆိုသူ …အများစု..က …
အဖွဲ့အစည်း..ဆိုတာကို..တကယ်နား.
. မလည်ကြဖူးလို့..ခံစားမိတယ်။
အဖွဲ့အစည်း..ရှိရင် … system လို့ခေါ်တဲ့ (စံနစ်) ပါလါပြီ … စံနစ်နဲ့အတူ …
rules ဆိုတာ ပါလာတယ်။ ဒီ rules က discipline ကိုဆွဲခေါ်လာတယ် ….
ဒီကမှ …. Transparency ဆိုတာကို ဖေါ်ထုတ်လာတာ ….. အနောက်နိုင်ငံတွေကို
..ကြည့်ရင် … institution တိုင်းမှာ … စံနစ်..ရှိတယ် … နောက်ဆုံး..(လု)
ကို..စံနစ်…ကထိန်းပေးသွားတာ ….

ကိုဘုန်းကျော် ထောက်ပြသွား တဲ့ ..ကိုထူးချစ် ..နဲ့ …
ကိုအောင်သူငြိမ်းတို့ … အောင်မြင်တယ်ဆို တာ … စံနစ်..အကြောင်းနားလည်တော့
… စံနစ်..ကိုထောင်နိုင်ခဲ့ကြလို့
ပါပဲ …
နောက်အတု..ယူစရာ …ကောင်းတာက … အမျိုးသမီးအဖွဲ့အစည်းပဲ …. စံနစ်..အတိအကျ
ထူထောင်နိုင်တဲ့အပြင် …. နေရာကို..တယောက်ထဲ.. မောင်ပိုင် မစီး ထားပဲ
..အောက်က …အမျိုးသမီးငယ်တွေကို ….နေရာပေး..အလှဲ့..ပေးသွား..တာ တွေဟာ …
ချီးကျူးဖို့ … အတုယူဖို့..ကောင်းတယ် ….

လူတိုင်း..လူတိုင်းမှာ … အားသာချက် … အားနဲချက်ရှိကြတယ် …
ဒါကိုလည်း..အားမနာတန်း..ကြည့် တတ်ဖို့လိုတယ် …

ဥပမာ … ကိုမိုးသီးကို …. စံနစ်တွေ…စည်းကမ်းတွေ.. သွားထောင်.. ဆိုလို့ ….
နောက်ဘုရား.. ပွင့်တာ တောင် …ဖြစ်လာမှာ.. မဟုတ်ဖူး …. သူမှ
..စိတ်မ၀င်စားထား…ဒါပေမဲ့ ..ဗိုလ်မိုးစီမှာ …. နိုင်ငံရေး..ပိုး..ရှိတယ်။

..ဒီလူတွေကို ..သွား..စည်းရုံးဆို..တညလုံး..
မအိပ်ပဲ ..ပြောလိမ့်မယ် ….
သူ့စီမှာ .. Vision နဲ့ … Charisma ရှိတယ် … ကိုနိုင်အောင်က …. Operation
နဲ့ Detail … နိုင်တယ် …. ABSDF အစမှာသာ ဒီလို …နားလည်ခဲ့..ကြရင်
….ဘယ်လောက်တန်ဖိုးရှိလိုက်မလဲ? သူ့အားနဲချက် ကို ကိုယ်ကဖြည့် ….
ကိုယ့်အားနဲချက်..ကို ..သူ ..က ဖြည့်..ဆိုရင် … (၂)ယောက်အား ..က တအားဖြစ်
… (၃) ယောက်အားက ..တအားဖြစ် … နဲ့…တိုးတက်လာစရာ ..အကြောင်း..ရှိ..တာပေါ့
…. မဖြစ်ခဲ့ကြ….

ဘာကြောင့်လဲ?

ဦးနေ၀င်းဟာ … တပါတီ..အာဏါရှင်..စံနစ်..ကို..
ထူထောင်ဖို့ … မဆလ နဲ့
စစ်တပ်ကလွဲလို့ Institutions တွေအားလုံးကို ..ရိုက်ချိုးခဲ့တယ်..
ဒါကြောင့် …. ကျနော်တို့..အများစု..ဟာ … Institutions
တွေရဲ့..တန်ဖိုးကိုနားမလည်ကြဖူး … ဒါကြောင့် Institutional Loyalty
ဆိုတာကိုနား မလည်ကြဖူး ….

တိန်လျောက်ပိန်ကို ..မော်က..နှိပ်စက်ထားတဲ့..အကြား
က..သူ့ကို …
တရုတ်ကွန်မြူ နစ်ပါတီက..မထုတ်တာကိုပဲ..ကျေးဇး
ူးတင်မဆုံးဖူး …. သူ့ရဲ့
…identity က … ပါတီ ….ကျနော်တို့ ..ဗမာတွေကတော့ ….
စိတ်သဘောထားခြင်း..နဲနဲ ကွဲတာနဲ့..ရန်သူလို့.. သတ်မှတ် ရုံမက …
ခွဲထွက်ဖို့..ပြင်ကြပြီ ….

Institutional Loyalty ကိုနားမလည်တော့ ..ပုဂ္ဂိုရ်ရေးတွေ..ရှေ့တန်း
တင်လာကြပြီး …. ဇီးရိုးဆမ်း..စိတ်ဓါတ်နဲ့..အသေချကြတော့တာပဲ ….

တဖက်က..စစ်တပ်..ကိုကြည့်ရင် …ငါ့စစ်သား..ငါတို့စစ်တပ်..ဆို
တဲ့…
Institutional Loyalty ရှိတယ် .. သတိပြုမိ..နိုင်ကြပါစေ….
ကွန်မြူနစ်တွေမှလည်း …. Institutional Loyalty ရှိကြတယ် …. ဒါပေမဲ့…
လူတန်းစား ..စိတ်က ..ဖုံးလွှမ်းသွားတာကြောင့်..တို
င်းပြည်နဲ့ …
အမျိုးချစ်စိတ်..ပျောက်သွားတယ်။

ခေါင်းဆောင်ဆိုတာ …. မိမိသွားလိုတဲ့..ဦးတည်ချက် ..Vision ကို
သိဖို့..လိုတယ် … နောက် ဘယ်သူကို ဘယ်နေရာမှာ
..သုံးမယ်..ခိုင်းမယ်..ဆိုတာသိ
ဖို့..လိုတယ် … ဗိုလ်ချုပ်အောင်ဆန်း..ဟာ
Charisma လဲရှိတယ် … Vision လည်းရှိတယ် … Policy & Detail လည်းနိုင်တယ် …

ဒါပေမဲ့.. သူက.. ခေါင်းဆောင် ..အားလုံးကို..လိုက်လုပ်မနေနို
င်ဖူး…
ဒါကြောင့် ..သခင်မြ ..ဦးနု … သခင်သန်းထွန်း.. ဦးကျော်ငြိမ်း…
အားလုံးကို…. မှန်မှန်ကန်ကန် ခိုင်းစားသွားတာပဲ..
ဒါကြောင့် ..ဖဆပလကြီးဟာ.. အောင်မြင်..အရှိန်..ရှိ လာတာပေါ့ …
ရေမြင့်တော့..ကြာတင့်..လာတာပေါ့
… ထိပ်တန်းခေါင်း
ဆောင်ဆိုတာ..စဉ်းစားဖို့.. အချိန် …ပေးရမယ် …. ရှေ့ကိုကြည့်တတ်ရမယ် ….
ဒါကို ..ဗိုလ်ချုပ်က..ကောင်းကောင်းနားလည်တယ်။

ဗိုလ်ချုပ်အောင်ဆန်း ဟာ Charisma ရှိပေမဲ့.. ဦးနုကို..ဘာကြောင့်
အတင်းစွဲခေါ်လာတာလဲ? Charisma ချင်းမတူ ကြဖူး ..
ဗိုလ်ချုပ်က..ကြိုးစားပြီးမှ..့
honesty နဲ့ရလာတာ.. ဦးနု
က..ပုံ့ပုံ့ကြီး..ထိုင်နေ …. အလိုလို..ကြည်ညိုပြီး..
ထိုင်ကန်တော့ချင်ကြတာ။


လူထု ဟောပြောပွဲတွင် တွေ့ ရသော ဗိုလ်ချုပ်အောင်ဆန်း နှင့် ဦးနု

… ဒါကို ဗိုလ်ချုပ်ကကောင်းကောင်း.. နားလည်တယ် …
ချစ်စရာကောင်း တာက … သူတို့တတွေဟာ ..ကျောင်းသားဘ၀ထဲက.. အတူတူလုပ်လာကြတာ
ကြောင့်..မနာလို ..တာမရှိကြဖူး …

ဗိုလ်ချုပ်တို့ခေတ်က … တယောက်ကိုတယောက်..ချစ်ကြတယ်..
သစ္စာရှိကြတယ် …
(ကွန်မြူနစ်တွေက..လွဲရင်) ..အရေးအကြီးဆုံးက .. အချင်းချင်း..honest
ဖြစ်ကြတယ်…

ဒီကနေ့ .. အတိုက်ခံ..(exile) ဆိုရာမှာ … နိုင်ငံရေးထက် …
သတင်းဖလှယ်ခြင်း… အလုပ်ဖက် ရောက်ကုန်ကြတယ် ..
သတင်းလေးရရင်..ကိုင်ထားနဲ့… ထောင်ထဲမှာ ..ဆေးပေါလိပ်ဟာ ..currency
လာဖြစ်သလို … အတိုက်ခံလောကမှာလည်း …. သတင်း..ဟာ .. Currency လာဖြစ်တာပဲ
….
နိုင်ငံရေးကို …old fashion way အဖွဲ့အစည်းထောင် …စည်းရုံး…ထောက်ခံမှု..
ရအောင်.. လုပ်တာ..ကျန်သေးကြရဲ့လား?

ပြောရတာ ..အပြင်က … ကြည့်ပြီး .. ဝေဖန်ရတာ …လွယ်ပေမဲ့… တကယ် အတွင်းမှာ
…အကောင်အထည်ဖေါ်ရတာ..မလွယ်ပါဖူး… the devil is in details လာဖြစ်တာပဲ….

ချုပ်ရရင် …. One alliance ဆိုတာ..လူကြားကောင်းပေမဲ့…. အရေးကြီးတဲ့…
Organizational structure နဲ့ Institutional Loyalty တွေ..စံနစ်နဲ့
..စည်းမြင်းတွေ … ကို.အရေးပေးရမှန်း..သတိမရှိ ..ရင် … အခွံပဲရှိပြီး …
အစံ..ရှိကြမှာမဟုတ်ဖူး … (၃) လကြာရင် ..(၆) လကြာရင် ..ထပ် ကွဲကြ ဦးမှာပဲ
….
မိုးထိအောင် … လှေခါးထောင်မယ်ဟဲ့..ဆိုပေမဲ့..အောက်ခြေ..မခိုင်ရင် ..ပြုတ်ကျမှာပဲ….

နောက်ဘယ်..အဖွဲ့အစည်းမဆို..(ငွေ
)..မရှိပဲ..အလုပ်မဖြစ် ….
ခေါင်းဆောင်မှု..မရှိပဲ.. ထောက်ခံမှု မရနိုင် …
ထောက်ခံမှု..မရှိပဲ..အလုပ်မပြ..န
ိုင်ပဲ ..(ငွေ)..မရှာနိုင် … catch 22 ..
ကြပ်အေးသူ့ အမေရိုက်… ရွာလည်..နေပြန်ရော….

ဘယ်သူ့ကိုမှ …. ရည်ရွယ်တိုက်ခိုက်လို၍..မဟုတ်
ရပါ …. ဖြစ်စဉ်ကြီးကို
..မြင်နေရပြီး… ပျက်အစဉ်..ပြင်ခဏ..ဆိုတဲ့.စကား
အတိုင်း မြင်တာလေးကို…
ဥါဏ်မှီသလောက် ..စေတနာနဲ့.. တင်ပြရတာပါ …

နိုင်ငံရေး..ဆိုတာ..မသိသူ..ကျော်သွား..သိသူဖေါ်စား..ပဲ..မဟုတ်ပါလား?

မှားတာပါရင်လည်း..ခွင့်လွှတ်ကြပါ …..

လောကမှာ…ဖြစ်ချင်တာ…ဖြစ်နိုင်တာ..ဖြစ်လာတာ တွေဟာ မတူကြတာ …သိကြမှာပါ..

Organization politics ထဲဝင်မိရင် factional politics
နဲ့အချိန်ကုန်မှာကို မလိုလားပါ။
Party Politics နဲ့ Power politics ကိုလည်းစိတ်မ၀င်စားပါ…..

Individual အမြင်ကိုတင်ပြရတာ ..ပိုလွတ်လပ် ပါတယ် …..

စေတနာ ကို..နားလည်..နိုင်ကြပါစေ …..

အားလုံး …အောင်မြင်ကြပါစေ

ဘိုဘိုကျော်ငြိမ်း
ချင်းမိုင်
မတ်လ ၁၅- ရက် ၂၀၁၁

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ