Latest Posts

Wednesday, August 17, 2016

တားကိုချစ်ရင်

Thanlay Ko

T4K ဘဏ်ထဲကို ဓားပြနှစ်ယောက် ဝင်လာတယ်။
ဝင်လာလာချင်းပဲ အသင့်စောင့်နေတဲ့ ရဲအင်အား ၂၀ လောက်က ဝိုင်းဝန်းဖမ်းဆီးခြင်းကို ခံလိုက်ရတယ်။
အံ့သြတကြီးဖြစ်နေတဲ့ ဓားပြခေါင်းဆောင်က ရဲတွေကို မေးတယ်... ...
"ခ... ခ များတို့က ဘဏ်ထဲကြိုရောက်နေပ့ါလား"
"ရောက်မှာပေါ့ကွ... မင်းတို့လာမယ်ဆိုတာ ကြိုသိနေတာကိုး"
"ဗျာ.... ဘယ်လိုလုပ် သိတာလဲ"

အမှိုက်ကားနိယာမ

Aye Chan Mon

သိပ်မကြာခင်တုန်းက ကျွန်တော်လေဆိပ်သွားဖို့အတွက် တက္ကစီ တစ်စီးကို တားစီးခဲ့တယ်။ လမ်းမှာ အကွေ့လမ်းကနေ ကားတစ်စီးဟာ ကျွန်တော်တို့ တက္ကစီရှေ့ကို အရှိန်နဲ့ အတင်းထွက်လာတယ်။
တော်သေးတာပေါ့။ တက္ကစီသမားက ဘရိတ်ကို အမြန်ဆောင့်နင်းချလိုက်ပေလို့။ မဟုတ်ရင် ကျွန်တော်ရော တက္ကစီသမားပါ ပွဲချင်းပြီး သေနိုင်တယ်။ အဲဒီအချိန်မှာ တဖက်ကားလူက ဆင်းလာ ပြီးတော့ တက္ကစီသမားကို ဆဲဆိုပါလေရော။
ဒါပေမယ့် တက္ကစီသမားကြီးဟာ ကားပေါ်က နည်းနည်းလေးမှမဆင်း၊ ပြုံးပြီးတော့ လက်ကာပြလို့ အသာငြိမ်နေတယ်။ ဒီတော့ တဖက်လူလည်း ဘာမှထပ်ရန်မရှာတော့ပဲ သူ့ကားပေါ်သူ ပြန်တက်လို့ ထွက်သွားခဲ့တယ်။

If Clause နှင့် အကျုံးဝင်သော ပုံစံခွဲများကိုလေ့လာခြင်း (၂)

Win Naing Oo to အင်္ဂလိပ်စာစိတ်ဝင်စားသူများ

..............................................................
(7) UNLESS : မပြုသော်/လျှင် ၊ မဖြစ်သော်/လျှင်
.
Unless is followed by an affirmative verb to express "if ... not"
Unless ကို If.. not အစားသုံးနိုင်ပါတယ် ၊ Unless နောက်မှာ အငြင်းကြိယာမလိုက်ရပါဘူး ၊
not ရဲ့ သဘော အကျုံးဝင်ပြီးဖြစ်ခြင်း un- ပါခြင်းတို့ကြောင့် အငြင်းအဓိပ္ပါယ်ပါပြီးဖြစ်ပါတယ် ၊ အငြင်းဓိပ္ပါယ်အတိုင်းပဲ ပြောချင်လျှင် Not ထပ်ပေါင်းဖို့ မလိုပါဘူး ။

"အာနာပါနသတိပဌာန် ရှုမှတ်နည်းအကျဉ်း"

ခန္ဓာ-၅ပါး တစ်ဦး

"ဝိပဿနာ" အလုပ်ဆိုတာ လုပ်ကြည့်မှ သိလာမှာပါ•••••
"ဝိပဿနာ" စတင် အားထုတ်ကြမည့် ဓမ္မ မိတ်ဆွေ များအတွက်.....
"အာနာပါနသတိပဌာန် ရှုမှတ်နည်းအကျဉ်း"
"ဝိပဿနာ" အားထုတ်ရန် "ကမ္မဌာန်း"တရား များစွာရှိတဲ့ အနက် တရားစခန်းတိုင်းလိုလိုက တရားအားထုတ်ကြသူ ယောဂီ များကိုအများအားဖြင့် "အာနာပါန ကမ္မဌာန်း" သာ ပေးလေ့ရှိတာကြောင့် "အာနာပါန သတိပဌာန်" ရှုမှတ် နည်း ကို ဆည်းပူးထားသမျှ တင်ပြရခြင်းဖြစ်ပါသည်။
"အာနာပါ နဿတိ" ဟာ "ကာယာနုပဿနာ သတိပဌာန်" တစ်မျိုး ဖြစ်ပါတယ်။
"မဟာသတိပဌာနသုတ်"မှာ "ကာယ၊ ဝေဒနာ၊ စိတ္တာ၊ ဓမ္မာ" ဆိုတဲ့ အာရုံ ၄ မျိုးအနက် " ကာယ"ကို အဖန်ဖန်ရှုမှတ်ခြင်း "ကာယနုပဿနာ" အကြောင်းတင်ပြပါမယ်။

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း

စာဖတ်ကြရအောင်

အစ္စရေး လူမျိုးလိုလည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဥာဏ်ပညာအကောင်းဆုံးလူမျိုးလို့ သတ်မှတ်ကြပါတယ်။
၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေး ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၀.၂%ရှိတဲ့ ဂျူးလူမျိုးဟာ....ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိုဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစားရင်းထဲက ၅၀% ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀% ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ ၆၀%၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀%၊ Forbes စားရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၇-၈)

သစ်ထူးလွင်



Saturday, August 13, 2016

ငရဲကြီးလိမ့်မယ် သားလေးရယ်

Khine Lay Shwe Taung

ကျွန်မ ထားမိတဲ့စေတနာတွေ အလကားဖြစ်ခဲ့ရပြီ ။ သူမကို အတော်လေး စိတ်ပျက်သွားမိပါတယ် ။ ကျွန်မကို ကျွန်မလည်း မချင့်မရဲဖြစ်မိပြန်တယ် ။ ဘာကိုနောင်တရ ရမှန်းမသိ နောင်တ ရနေမိတယ် ။ အဲဒီအတွေး အဲဒီခံစားချက်တွေနဲ့ပဲ တစ်ညလုံး ကောင်းကောင်းပင် အိပ်မပျော်နိုင်ခဲ့ပါဘူး ။ သူမအပေါ်ထားတဲ့ ကျွန်မ စေတနာကို စော်ကားလေခြင်းဆိုတဲ့ ကြိတ်မနိုင်ခဲမရ ဝေဒနာကြီးကို ပြင်းပြင်းထန်ထန် ခံစားနေရတယ် ။ တကယ်တော့ သားသမီးချင်းစာနာစိတ်နဲ့ နားလည်မှု့တစ်ခုကို အရယူကြည့်ဖို့ ကြိုးစားမိတာပါ ။

ရီပို့ကတ်လေးများမှ တစ်ဆင့်


မီးလင်းတာမြင်ရင် အက်ဒီဆင်ကို ကျေးဇူးတင်။ အက်ဒီဆင်ကို
ကျေးဇူးတင်ရင် အက်ဒီဆင်ရဲ့အမေကိုလည်း ကျေးဇူးတင်။
အဲဒီလို အစပြုပြီး လူကြီးနှင့် ကလေး တစ်စု စကားဝိုင်းဖွဲ့ကြ
ပါတယ်။
.
တစ်ခါက ကလေး တစ်ယောက် ကျောင်းက ပြန်လာ ဆရာမရဲ့
စာကို သူ့မေမေ လက်ထဲအပ် မေမေက ဖတ်ပြီးတော့ ပြုံးတယ်။

#‎ဒေါက်တာစိုင်းခမ်းလိတ်အကြောင်း‬

သိန်း မြင့်


လူသိများသော သီချင်းရေးဆရာကြီးဒေါက်တာစိုင်းခမ်းလိတ်(ရှမ်းလူမျိုး) မန္တလေးက ထင်ရှားတဲ့ သီချင်းရေးဆရာတဦးဖြစ်တဲ့ ဆရာစိုင်းခမ်းလိတ်ဟာ ရှမ်းတိုင်းရင်းသားတဦးလည်းဖြစ်ပါတယ်။ ၁၉၄၉ ဧပြီလ ၂၇ ရက်နေ့မှာ အဖ နမ္မတူအမတ်ကြီး ဦးရွှေကြီး နဲ့ မိခင် ဒေါ်စိန်ဥတို့က ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့မှာ မွေးခဲ့ပါတယ်။ ဦးရွှေကြီးဟာ ရှမ်းကဗျာဆရာကြီးတဦးဖြစ်ပြီး ကလောင်နာမည်က ခမ်းကာ (တုံဟုံး) ဖြစ်ပါတယ်။

အကြည်တော်ပြောတဲ့ မန်းသူရဲ့ ကျနော်



ဪ...မန္တလေးသူတွေ "ကျွန်တော်....ကျွန်တော်" နဲ့ပြောတာဘာကြောင့်လဲ " အကြည်တော် "ပြောမှပဲသိရတယ်.......😄😆
မင်းတုန်းမင်းကြီပေါ့...သိကြတဲ့အတိုင်းမိဖုရား၅၀၀နဲ့စံစားတာလေ......
ထို့အပြင်တောင်..၅၀၀နဲ့မလုံလောက်ပဲ
သူစက်တော်ခေါ်နေတုန်အခန်းရှေ့ကခြေသံကြားတိုင်း..

"ဟဲ့..ဘယ်သူတုန်း;;;;" ဟုလှမ်းလှမ်းပြီမေးတယ် ။။။။

#‎ကေတီဗီ‬ နွား

Zaw Min Latt feeling blah.


"ဘိုးတော်ရောက်ပြီ"
ဝိတ်တာလေးလာအော်တော့မှ ဘောင်းဘီတိုကောက်လဲ
နူတ်ခမ်းလေးသပ်ရပ်အောင်ဆိုး
ဆံပင်ကိုsexyဖြစ်အောင်ဖွပြီး Room A7ကိုသွားပြီ။

ဒီနေ့တော့ ဘိုးတော်တစ်ပွေတည်း
ဂေါက်မရိုက်ဖြစ်လို့စောလာတာတဲ့လေ
ဘိုးတော်ကဆရာကြီးစတိုင်နဲ့ ထိုင်နေပြီ
အမှန်တော့ အာပလာကြီးဖြစ်နေပြီရယ်

ကျောင်းမှာ စာညံ့တဲ့သူတွေက ဘာကြောင့် ဘဝမှာ အောင်မြင်တတ်သလဲ?

Barlarlar

ကျောင်းမှာ စာတော်ရဲ့သားနဲ့ လက်တွေ့ဘဝမှာ ထင်သလောက် ဖြစ်မလာခဲ့တဲ့သူတွေ။ ကျောင်းမှာတုန်းက
စာညံ့ပြီး တကယ့်လူမှုဘဝထဲရောက်မှာ ထိပ်တန်းအောင်မြင်တဲ့သူတွေကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။
ကျောင်းစာမှာ အားနည်းရဲ့သားနဲ့ ဘဝမှာ ဘာလို့အောင်မြင်တတ်သလဲဆိုတာကို ဆန်းစစ်ကြည့်လိုက်တော့ သူတို့ဆီမှာ စာတော်တဲ့သူတွေ၊ သာမန်သူတွေထက် အားသာချက်တစ်ချို့ကို တွေ့ရပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၈)

သစ်ထူးလွင်



Monday, August 8, 2016

သူခိုးတစ်ယောက်

Su Mg Mg


(၁)
ကျွန်တော်သူခိုးတစ်ယောက်ပါ
မနောက်ပါဘူး အတည်ပါ
ငယ်ငယ်က ကျောင်းမုန့်ဈေးတန်းမှာ
အာလူးကြော်တွေ ခိုးစားဖူးတယ်
သူများခြံက သရက်သီးခိုးဖူးတယ်
ဝက်သားတုတ်ထိုးသည်ကြီးဆီမှာ
တုတ်တွေမမြင်အောင်လွှင့်ပစ်ဖူးတယ်
ရထားနဲ့ဘတ်စကားတွေလည်း ခိုးစီးဖူးတယ်

ဘွန္တောတို့ရေ

Tin Nyunt

အစိုးရသစ် ရင်ဆိုင်နေရတဲ့ အခက်အခဲ ဒုက္ခတွေကို အားလုံးသိပြီး ဖြစ်မယ်ထင်ပါတယ်။ နှစ်ပေါင်းများစွာ စနစ်တကျ ဖျက်ဆီးခဲ့တဲ့ဒဏ် စုခံနေရတာ ကိုယ်ချင်းစာဖို့ လိုသဗျ။ အစိုးရဖြစ်လာတာနဲ့ ဥုံဖွဆိုပြီး မန်းမှုတ်လို့ ရသလားဗျာ။ ယခင်အစိုးရ နှစ်ပေါင်း ၅၀ ကျော် လုပ်သွားတာ တိုင်းပြည်ကြီး ဘယ်အခြေအနေရောက် နေပြီလဲဆိုတာ အားလုံးသိတော်မူကြတဲ့အတိုင်းပါ။
တစ်ခါတလေ အစိုးရဟောင်းအဖွဲ့ကလူတွေ ထထပြီးယောင်တာ အလွန်နားကြားပြင်းကပ်သဗျာ။ မနေ့ကလည်း ဘာတဲ့ ကိုဌေးဦးတစ်ယောက် ကယောင်ကတမ်းနဲ့
“ကျွန်တော်တို့ပြည်သူက ရွေးတဲ့ အစိုးရသည် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူရအောင် လုပ်ရမှာပဲ။ သူလုပ်နေတာတွေနဲ့ ပတ်သက်လို့ အံချော်နေတယ်ဆိုရင် ကျွန်တော်တို့က တည့်မတ်ပေးရမှာပေါ့” တဲ့။
ဟဲ … ဟဲ … အပြောလည်းကျတဲ့ ကိုဌေးဦးရေ သေချာတာ တစ်ခုက ဒီအစိုးရကို ရွေးချယ်ပေးတဲ့ အထဲမှာ ခင်ဗျားတို့ အုပ်စု မပါဘူးဆိုတာ ပထမ ပြောချင်သဗျ။

“ကမ္ဘာ့ထိပ်တန်း ဖာနိုင်ငံ”

Min Myat Maung

အမိမြန်မာပြည်ဟာ ဗိုလ်ချုပ်ပြောခဲ့သလို ဖာနိုင်ငံကြီး ဖြစ်နေပါပြီဆိုပြီး ဝမ်းနည်းပက်လက် ယူကျုံးမရ ဖြစ်နေသူတွေကို အားပေးချင်ပါတယ်။ စိတ်ဓာတ်မကျနဲ့။ ပြည်သူအားလုံး ဝိုင်းဝန်းကြိုးစားရင် ကျနော်တို့ နိုင်ငံလည်း ကမ္ဘာမှာ ထိပ်တန်းဖြစ်အောင် တက်လှမ်းနိုင်ပါလိမ့်မယ်။
ကျနော်ပြောမယ့် ဖာနိုင်ငံကြီးအကြောင်း သိရအောင် ဆရာကြီး သော်တာဆွေရေးခဲ့တဲ့ စာတစ်ပိုဒ်ကို ဖတ်ကြည့်ပါ။ ၁၉၃၉ ခုနှစ် ရန်ကုန်မြို့ အခြေအနေကို တစ်စွန်းတစ်စ သိရပါမယ်။

လေဖြတ်ခြင်းရောဂါ

သိန်း မြင့်

လေဖြတ်ခြင်းရောဂါ(Stroke) ဆိုတာ အရမ်းကို ကြောက်စရာ ကောင်းတဲ့ မတွေးဝံ့စရာ ရောဂါ တစ်ခု ဆိုတာ အထူး ပြောစရာ လိုမယ် မထင်ပါဘူး။ stroke ဆိုတဲ့ အတိုင်းပါဘဲ သက်ရှိ လူသားတစ်ယောက်ရဲ့ ဘ၀အပေါ် ပြင်းထန်စွာ ထိုးနှက်လိုက်တဲ့ ရိုက်ချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပုံမှန် သွားလာလှုပ်ရှားနေတဲ့ လူကောင်း တစ်ယောက်ဟာ သက်မဲ့ အရာတစ်ခုလို အိပ်ရာပေါ် လဲပြီး ဝေဒနာတွေ ခံစားရင်းနဲ့ အသက်ဆုံးရှုံး သွားနိုင်သလို ကံကောင်းလို့ (ဒီ ကံကောင်းလို့ ဆိုတဲ့ အသုံးအနှုန်းကို အောက်မှာ ပြန်ရှင်းပြပါ့မယ်) ပြန်ကောင်းရင် တောင်မှ ပုံမှန် သွက်လက် သန်စွမ်းမှုမျိုး ပြန်ရတာ တော်တော်ရှားပါတယ်။

အတိတ်က ပြုခဲ့သော ( ၃ ဘဝ ) ဝဋ်ကြွေး အကြောင်းသိကောင်းစရာများ

ဓမ္မရတနာ

အတိတ်ဘဝက ပြုခဲ့သောကံ ၊ လက်ရှိဘဝမှာ ပြုလုပ်ရမယ့် ကုသိုလ်နှင့် အနာဂတ်အတွက် ကုသိုလ်များအကြောင်းရေးသားထားခြင်းဖြစ်သည်။
ဘာသာပြန်ထားသည့်အတွက် အမှားများပါခဲ့သည် ရှိသော်
ကြိုတင် တောင်းပန်ပါရစေ။

** လင်နဲ့မယားရယ်လို့ လက်ရှိဘဝမှာ ဖြစ်လာခဲ့မယ်ဆိုရင်ဖြင့်
အတိတ်ဘဝကပြုခဲ့သော မိမိကုသိုလ်ကံကြောင့်သော်လည်းကောင်း ၊ အကုသိုလ်ကံကြောင့်သော်လည်းကောင်း အတူတူ မပြုမူခဲ့လျှင် အိမ်တစ်အိမ်ထဲတွင် မိသားစုအဖြစ်သို့ ရောက်ရှိနိုင်မည် မဟုတ်ပေ။

သစ်ထူးလွင် သတင်းစုစည်းမှု (၈-၈)

သစ်ထူးလွင်



Wednesday, August 3, 2016

အောင်မြင်သူတွေ ညမအိပ်ခင် ဘာတွေလုပ်ကြလဲ

The Voice

ညအိပ်ရာမ၀င်ခင် နောက်ဆုံးဘာတွေလုပ်ခဲ့သလဲဆိုတာနဲ့ ညကဘယ်လောက်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သလဲဆိုတာက နောက်တစ်နေ့မှာ ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်။ အောင်မြင်သူတွေက သူတို့နေ့ရက်တွေရဲ့ အစနဲ့အဆုံးမှာ စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာရှိဖို့ အရေးကြီးမှန်း သဘောပေါက်ထားကြပါတယ်။
ဒီတော့ နေ့တစ်နေ့ရဲ့အဆုံးသတ်နဲ့ နောက်နေ့ရဲ့အစအတွက် အောင်မြင်သူတွေ ညမအိပ်ခင်ဘာတွေလုပ်ကြလဲဆိုတာ ကြည့်ကြရအောင်။

ထူးချွန်တဲ့ ကလေးတွေကို ဒီလိုပျိုးထောင်ကြပါတယ်။

သုတဇုန်

၁။ နေ့တိုင်း အနည်းဆုံး နာရီဝင်ခန့် အချိန်ယူပြီး သင့်ကလေးနဲ့ ဆွေးနွေးပါ။
၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night, စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။
၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။
၎။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။
၅။ ကလေးကို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့

ရယ်သံများ


ကလေးလေးတစ်ယောက်ရဲ့ လည်ပင်းက
"ကျွန်တော် သူခိုးပါ"ဆိုတဲ့
စာနာမှုကန်းတဲ့ စာတန်းကို ဖတ်ပြီး
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံထဲက
သစ်ခုတ်သမားအချို့က ရယ်တယ်
ကျောက်တူးသမားအချို့က ရယ်တယ်။

ပထမကမ္ဘာစစ်

ပထမကမ္ဘာစစ်သည် ၁၉၁၄ မှ ၁၉၁၈ အတွင်းဖြစ်ပွားခဲ့သည်။ ထိုကဲ့သော ကြီးမားသော စစ်ပွဲမျိုး သမိုင်းတွင် တစ်ခါမှ မဖြစ်ဖူးသောကြောင့် မဟာစစ်ပွဲကြီး(Great war) ဟုခေါ်ဆိုခဲ့သည်။ နောက် ၂၁ နှစ် အကြာတွင် နောက်တစ်ကြိမ်ကြီးကျယ်သော စစ်ပွဲကြီးပေါ်လာသောကြောင့် ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်ဟု ခွဲခြားခေါ်ဆိုခဲ့သည်။ ပထမကမ္ဘာစစ်အတွင်းတွင် စစ်သည်ပေါင်း ၉ သန်းကျော်သေဆုံးခဲ့သည်။ ထိုစစ်သည်များသည် စစ်ကြီးမဖြစ်ခင်က သာမန်ပြည်သူများ အများဆုံးဖြစ်ကြသည်။ ကျဆုံးခဲ့သော စစ်သည်များအား ဦးခေါင်းမှနေ၍ခြေဖျားအထိဆက်လိုက်လျင် ၁၅၀၈၄ ကီလိုမီတာ၊ မိုင်အားဖြင့် ၉၃၇၅ ရှိသည်ဟု ပြောကြသည်။ ထိုအကွာအဝေးသည် ကမ္ဘာကြီးကို တစ်ပတ် ပတ်ပါက ထက်ဝက်နီးပါးခန့် ရှိမည်ဖြစ်သည်။

နှာဘူးဋီကာ

မောင်(စွယ်စုံကျမ်း)
 
ယောက်ျားတွေမှာ နှစ်မျိုးပဲ ရှိတယ် တဲ့
နှာဘူး နဲ့ ဂန်ဒူး ဆိုလားး
နှစ်ခုတည်း ဘယ်က လိမ့်မလဲ
မသိရင် တစ်ခါတည်း မှတ်သွားကြ
နှာဘူးတွေမှာ
ပုံမှန် နှာဘူးနဲ့
စပါယ်ရှယ် နှာဘူး ဆိုပီး နှစ်မျိုး နှစ်စား ရှိတယ်။

လေ့လာသင်ယူသမျှ အမြဲတမ်းမှတ်မိနေစေဖို့ နည်းလမ်း (၄)ခု

ကျောက်သင်ပုန်း

အသိပညာ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူရာမှာ သိထားသင့်တဲ့အရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက လေ့လာသင်ယူမယ့် အကြောင်းအရာ၊ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ ဖြစ်ပြီး နောက်တစ်ခုကတော့ လေ့လာသင်ယူမှု ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ ပညာရေးစနစ်က ဒီအချက်နှစ်ခုစလုံး မပြည့်စုံတာပဲ ဖြစ်ပါတယ်။

အခုခေတ်မှာ

U Than Win

တက်တူးထိုးထားတဲ့သူက အိုက်တတ်လာတယ်.
iPhone သုံးတဲ့သူတွေက အိတ်ကပ်မရှိတော့ဘူး.
ဈေးကြီးနာရီပတ်ထားရင် ခြေထောက်ခဏခဏဖုန်ခါတယ်.
ရွှေသွားတပ်ထားရင် စကားပြောများလာကြတယ်.
အခုခေတ်မှာ
လက်မထပ်တဲ့သူတွေက လက်ထပ်ထားတဲ့အတိုင်းအတူတူနေတယ်.
လက်ထပ်ထားတယ့် သူတွေက လက်မထပ်မထားသလိုပဲ ခွဲနေကြတယ်.

ဒုတိယကမ္ဘာစစ်



ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်း ခေါ်ကြပြီး ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများက မဟာမိတ် နှစ်ဖွဲ့အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၄င်းတို့မှာ မဟာမိတ်နိုင်ငံများနဲ့ ဝင်ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။ စစ်သားဦးရေ သန်း ၁၀ဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်တိုက်ခိုက်ကြသူများသည် ၎င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် သိပ္ပံနည်းပညာများကို သုံးစွဲကြကာ စစ်ပွဲအတွင်း အသာစီးရရန် ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်တွေအပြင် အရပ်ဖက်ပစ်မှတ်ကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ လောက် သေကြေပျက်စီးခဲ့ရာမှာ အများစုမှာ အရပ်သားများဖြစ်သည်။

#‎အသံထွက်ဝတ္ထုများ‬

စာအုပ်လင့်ပေါင်းစုံ
‪#‎အသံထွက်ဝတ္ထုများ‬
Thardar Swe (သော်တာဆွေ - မှန်ကန်ခြင်း နှင့် ရဲရင့်ခြင်း).mp3
https://yadi.sk/d/iikk1qxBtxsud
Aung Thin အောင်သင်း - လိမ်ဖည်ဖည်တီးတဲ့မောင်ရယ်.mp3
https://yadi.sk/d/CpZVOSvltxstJ
အသံထွက်ဝတ္ထု- ဆောင်းလုလင် မိုက်တယ်ဆိုတာ ဒီလိုလား.mp3
https://yadi.sk/d/onehjb6Dtxsvg

မြန်မာနိုင်ငံနှင့်ဒီမိုကရေစီ (၂) [အမှတ် ၁ မှ အဆက်]

2011+ publishing

ဒီမိုကရေစီ အသွင်ကူပြောင်းနေတဲ့ မြန်မာနိုင်ငံအတွက် နံပါတ်(၁) အရေးအကြီးဆုံးအနေနဲ့ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်သင့် တာကတော့ ဒီမိုကရေစီပညာရေးပါ။ ဒီမိုကရေစီမှာ ပညာရေး အရေးပါတဲ့အကြောင်း ပြောလာတာ ပလေတို တို့ခေတ် ကတည်းစပြီး နောက်ပိုင်းပညာရှင်တွေ ဖြစ်တဲ့ ရူးဆိုးRousseau နဲ့ တော့ဗီလ် Alexis De Tocqueville အပါအဝင်ဖြစ်ပါတယ်။ (၁၉) ရာစု ဒီမိုကရေစီ ရေချိန်မြှင့်လာတဲ့ အချိန်မှာ ဒီမိုကရေစီပညာရေးကနေ နိုင်ငံသားကောင်းတွေ ပေါ်ထွက်လာဖို့ အလေးထားလာကြပါတယ်။ နိုင်ငံသားကောင်းတွေ များလာလေလေ နိုင်ငံ ဖွံဖြိုးတိုးတက် လေ အေးချမ်း သာယာ ဝပြောလေ ဆိုတဲ့သဘောဆောင်သလို အုပ်ချုပ်ရတာတွေ လည်းပိုလွယ်ကူ လာလေ ဖြစ်လို့ပါ။

#‎အထွေထွေစာအုပ်ပေါင်းစုံကဏ္ဍ‬



တစ်နေကုန်စာမို့စိတ်ကြိုက်သာမွှေပါလေ :D
ညွန့်ကြူး..ပင်လယ် ဝံပုလွေ.pdf
https://yadi.sk/i/8kvETonStqz2i
အောင်ဝေး-ဆင်းရဲသောမိဘရဲ့စာတော်သောသား.pdf
https://yadi.sk/i/NT-vwU-ftqyzm
လောက၌အကောင်းဆုံးသောအရာ.pdf
https://yadi.sk/i/jk7danyMtqyzP
ကြည်ဦး - မြန်မာ့ရိုးရာစကားထာများ.pdf
https://yadi.sk/i/vmKv_qEmtqz2v
မြို့သစ်မြို့၌ဘိုးဘိုးအောင်နှင့်တွေ့ခဲ့ခြင်း.pdf
https://yadi.sk/i/oKSm6ubltqz37

" အေးသီမ"

Mya Khwar NyoFollow


" ဟဲ့.. အေးသီမ .. ထ ထ"
အမေ့အော်သံ အက်အက် ကြောင့် စောင်အစုတ်လေးထဲ ကွေးနေရာမှ သူဖျတ်ခနဲ လန့်နိုးသွား သည်။ ခြေထောက်နားမှ စိုစိစိ အထိအတွေ့ကြောင့် မောင်လေး သေးပေါက်ချ ထားပြန်ပြီဟု အိပ်ချင်မူးတူး တွေးမိသော်လည်း ... မောင်လေး သေသွားပြီ ဆိုတာ သူ ချက်ခြင်း သတိရလိုက်သည် ။ မိုးယိုတာ ဖြစ်မည်။
မောင်လေးသေတာ ၇ ရက်ကျော်ခဲ့ပြီ။ အေးသီမ မောင်လေး သိပ်ချစ်ဖို့ ကောင်းခဲ့ပါသည်။ မဲတူးပြာခံနေသော ဝဝလုံးလုံး မောင်လေး..

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု

စီးပွားရှင်

(၁)
ဒီမိုကရေစီခေတ်သစ်ရောက်လျင် နိုင်ငံခြားမှရင်းနှီးမြုပ်နှံမှုများ အလုံးအရင်း ၀င်ရောက်လာမည်ဟု ကျွန်တော် တို့ မျှော်လင့်ခဲ့ကြပါသည်၊ ၂၀၁၅ ဧပြီလနောက်ပိုင်း FDI ခေါ် ပြင်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများမှာ လစဉ်ပျမ်းမျှ သန်း ၅၀၀ ကျော်သည်မရှိပါ၊ မြန်မာနိုင်ငံတွင် လက်ရှိအခြေအနေများနှင့် ရင်းနှီးမြှုပ်နှံကြရန်အတွက်နိုင်ငံခြား ကုမ္ပဏီကြီး များစွာကစိတ်ဝင်စားကြသည် ဟု ကျွန်တော်မထင်မိပါ၊

ခင်ပွန်းသည်အပေါ်ထားရှိအပ်သည့် သဘောထား

Lwin Pyin

အိမ်ထောင်ရှင်မမတွေရော အိမ်ထောင်ရှင်မလောင်းတွေရော ဖတ်ရအောင်လို့ ဖတ်မိတဲ့စာလေး ကြိုးစားဘာသာပြန်ထားပါတယ်။
-------
၁-ကိုယ့်ခင်ပွန်းကိုဘယ်တော့မှမဟောက်ပါနဲ့ သူ့ကိုမရိုသေခြင်းလက္ခဏာပါ (သုတ္တံ ၁၅:၁)
၂-ကိုယ့်ခင်ပွန်းရဲ့အားနည်းချက်တွေကိုမိသားစုဝင်/သူငယ်ချင်းတွေကိုမပြောပြပါနဲ့ တစ်နေ့ကိုယ့်ဆီပြန်လာပါလိမ့်မယ် လင်မယားဆိုတာတစ်ဦးအကြောင်းတစ်ဦးထိန်းသိမ်းဖို့ပါ (ဧဖက် ၅:၁၂)

မြန်မာ့စာရေးဆရာကြီးတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်သိရှိလိုသူများအတွက် အတွဲ ( ၆ ) တွဲ

စာအုပ်လင့်ပေါင်းစုံ

‪#‎နှစ်ဆယ်ရာစုမြန်မာစာရေးဆရာများနှင့်စာစုစာရင်းအတွဲ‬(၁)
( 877 KB ) စာမျက်နှာ - ၁၈၀ × ၂
http://pc.cd/QGNctalK

#နှစ်ဆယ်ရာစုမြန်မာစာရေးဆရာများနှင့်စာစုစာရင်းအတွဲ(၂)
( 3 MB ) စာမျက်နှာ - ၁၃၅ × ၂
http://pc.cd/bGNctalK
#နှစ်ဆယ်ရာစုမြန်မာစာရေးဆရာများနှင့်စာစုစာရင်းအတွဲ(၃)
( 3 MB ) စာမျက်နှာ - ၁၉၀ × ၂
http://pc.cd/OvNctalK

အပြစ်မဲ့သောသူခိုးများ

ဖြိုး သုတ ·

့တစ်ဖဲ့ကို ခိုးယူမိခဲ့ပါသတဲ့..။ အဲဒီလို သူဆင်းရဲရဲ့ ခိုးဝှက်ခြင်းကို မြင်ကြတဲ့အခါ ဈေးထဲက လူတွေ၊ မြို့ကလူတွေဟာ သူဆင်းရဲကို ၀ိုင်းဝန်းဖမ်းဆီးရိုက်နှက် ကြပြီး မြို့စားမင်းထံကို အပ်နှံကြပါသတဲ့..။
အဲဒီလို မြို့စားမင်းထံကို ရောက်တဲ့အခါ မြို့စားမင်းက သူဆင်းရဲကို ဒီလိုပြောခဲ့တယ်။
"မင်းဟာ ဘ၀ရှင်မင်းတရားကြီးချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်သူ ငမိုက်သားပဲ။ ဒါကြောင့် မင်းဟာ ကြိုးပေးပြီးသေဒဏ် စီရင်ခြင်းခံရမယ်"

◇ တရားထိုင်ပုံထိုင်နည်း ◇

Shwe BaFollow


◆ တရားထိုင်တဲ့အခါ ခါးကိုဖြောင့်ဖြောင့်မတ်မတ်ထား ရှေလည်းမငိုက်နဲ့၊ ဘေးလည်းမစောင်းနဲ့၊ ခေါင်းကလဲ ဘယ်ဘက်မှမစောင်းပါနဲ့၊ ခါးအထက်ပိုင်း ကိုယ်ကြီးဟာ ရှေနောက်ဘေးယိုင်နေရင် အရိုးအဆစ်တွေ အဆက်ခြင်း တည့်တည့်မနေတဲ့အတွက် မကြာခင် နာလာလိမ့်မယ်။ ဝေဒနာကို တွေ့ဖို့ရာထားပါဦး၊ သမာဓိ ရအောင်တောင် မထိုင်နိုင်ဘဲနေမှာစိုးရတယ်။ ခါးအောက်ပိုင်းကလဲသိပ်တင်းကျပ်ပြီး ခြေထောက်ခြင်း ဖိမထားရဘူး၊

ဒုတိယနှလုံး ခြေသလုံး

Soe Mg Mg Soung to မြန်မာတို့အတွက် မြန်မာ့ဆေးမြီးတိုများ

သဘာဝကြီးကလူတွေကိုမွေးကတည်းကပေးထားတဲ့နှလုံးဟာတစ်ခုတည်းမဟုတ်ပါဘူး။ အဖော်ပါလာပါတယ်။ အဲဒါဟာခြေသလုံးတွေကကြွက်သားတွေပဲဖြစ်ပါတယ်။ နှလုံးခုံခြင်းဟာ သူဟာသူခုံနေတာဖြစ်ပေမဲ့ခြေသလုံးကနှလုံးတွေကတော့လူကလုပ်ပေးမှအလုပ်လုပ်တာပါ။
လူတစ်ယောက်ဟာတစ်နေ့ကိုနှလုံးခုံတဲ့အကြိမ်ပေါင်းတစ်သိန်းလောက်ရှိပါတယ်။ အဲဒါဟာသွေးတွေကိုသွေးလွှတ်ကြောကနေတစ်ဆင့် တစ်ကိုယ်လုံးသို့ ပို့လွတ်ဖို့နှလုံးက pump လုပ်နေခြင်းဖြစ်ပါတယ်။ အဲဒီသွေးတွေဟာသွေးပြန်ကြောကနေတစ်ဆင့် နှလုံးကိုပြန်ရောက်လာပါတယ်။

သစ်ထူးလွင် သတင်းစုစည်းမှု (၃-၈)

သစ်ထူးလွင်



Monday, August 1, 2016

မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး/မြန်မာပြန်

ဓမ္မရတနာ

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ရှိသူတို့မှာ အခြောက်အလှန့်မခံရခြင်း၊ အနာရောဂါကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့ကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှစ၍ ဗြဟ္မာ့ဘုံရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။
၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။
ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိ္တန္ဒိဝ' မတန္ဒိတော။

အဖေ့အကောင့်လေး မီးမစိမ်းတော့ပါ


အဖေ Facebook ဆိုတာကို စသုံးတတ်တော့ ကျွန်တော့် အကောင့်ကို စပြီး Add တာ ... အဖေ့ နာမည် နဲ့ အဖေ့ အကောင့်ကိုမြင်တော့ လန့်သွားတယ် ငါ့အဖေပါလား .. အံမယ် အဖေက အင်တာနက်တောင်သုံးတတ်လို့ ... အဖေကကျွန်တော့်အကောင့်ကို Add ပြီး ကျနော့်ညီမ အကောင့်ကိုလည်း ရှာပြီး Add တယ် ... သူက မောင်နှမ နှစ်ယောက်လုံး ဘာတွေတင်ထားလည်း ဘယ်သူနဲ့ ဘာတွေပြောနေလည်း သိချင်ယုံသာ ...
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

Loading...

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...
There was an error in this gadget